
ရွှေဘိုမြို့ရှိ ဈေးများတွင် ဆေးဖက်ဝင်သည့် မယ်ဇလီဖူးများကို ရောင်းချလျက်ရှိရာ မိုးရာသီ မှစ၍ မယ်ဇလီဖူးများစတင်ဖူးရာ ရောင်းတန်းဝင်အောင် မယ်ဇလီဖူးများကို ပြုတ်၍ ရောင်းချကြ ကြောင်း၊ အချို့မှာ မယ်ဇလီဖူးများကို အစိမ်းတိုင်းရောင်းချကြကြောင်း၊ တန်ဆောင်မုန်း လပြည့်နေ့ တွင် မယ်ဇလီဖူးသုပ်ကို စားသုံးလျှင် ဆေးဖက်ဝင်သည်ဟူ ရှေးလူကြီးများ၏ အဆိုအရ တန်ဆောင် မုန်းလပြည့်နေ့တွင် မယ်ဇလီဖူးသုပ်ကို မဖြစ်မနေ စားသုံးကြကြောင်း၊ မယ်ဇလီဖူးကို အသုပ်ဆိုင် များမှလည်း အသုပ်တစ်မျိုးအဖြစ်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော မယ်ဇလီဖူးဈေးနှုန်းမှာ မယ်ဇလီဖူးအစိမ်း နို့ဆီဗူး (၁) ဗူးလျှင် (၇၀ဝိ/-) ကျပ်၊ ပြုတ်ပြီးသည့် မယ်ဇလီဖူး နို့ဆီဗူး(၁)ဗူးလျှင် (၈၀ဝိ/-)ကျပ်ဖြစ် ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။
DOCA(စစ်ကိုင်း)
