
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့် စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရ၄င်းသီးနှံများအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော မြေပဲသီးနှံ ကိုလည်းစိုက်ပျိုးကြပါသည် ။ ကျောက်ဆည်ခရိုင်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် (၁၉၅၄)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင်(၃၀၀)ဧကစိုက်ပျိုးနိုင်ခဲ့ ကြောင်း ၊ ယခုအချိန်၌ ကျောက်ဆည်မြို့နယ်တွင်(၁၈၀)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။အများဆုံးစိုက်ပျိုးသောရွာများမှာ ဖျောက်ဆိပ်ပင်၊ ရဲဘော်ကြီးနှင့် ရဲဘော်လေးကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ မြေပဲစိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၆၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ မြေပဲစိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ၊ အစေ့ချစနစ် ဖြင့်စိုက်ပျိုးကြကြောင်း ၊ အထွက်နှုန်းအနေဖြင့် တင်း(၃၅-၄၀)ခန့် ထွက်ရှိခဲ့ကြောင်း၊ မြေပဲဈေးနှုန်း အနေဖြင့် မြေပဲတောင့်(၁)တင်းလျှင်(၄၀၀၀၀/-) ကျပ် ၊ မြေပဲဆံ တစ်ပိဿာလျှင် (၉၀၀၀/-) ကျပ် ၊ မြေပဲဆီ(၁)ပိဿာလျှင်(၁၈၀၀၀/-)ကျပ်ဈေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ ကျေးရွာအရောက် ဝယ်ယူမှုများရှိသလို တောင်သူများမှလည်း ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း ၊ ပွဲရုံများမှတဆင့် မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း ၊ အကျိုးအမြတ်အနေဖြင့် (၈၀၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း မြေပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
