Main menu

“ခရမ်းချဉ်သီးဈေးနှုန်းများအနည်းငယ်ကျဆင်း”

Powered by Drupal

    မြန်မာနိုင်ငံသည် နွေ၊ မိုး၊ဆောင်း ဥတုသုံးပါးညီမျှခြင်းကြောင့် ဒေသမရွေး သီးပင်၊ စားပင်များ အားစိုက်ပျိုးဖြစ်ထွန်းကြပါသည်။ ၎င်းသီးနှံများအနက် ခရမ်းချဉ်သီး သီးနှံကို ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးလျက်ရှိပါသည်။ ယခုအချိန်တွင် ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်ဈေး နှင့် မြို့မဈေးများအတွင်းသို့ ပင်းတယနှင့်အောင်ပန်းဒေသများမှ ခရမ်းချဉ်သီးများဝင်ရောက်လျက်ရှိပြီး ယခုအချိန်တွင် မြို့နယ်အတွင်း စိုက်ပျိုးထားသော ခရမ်းချဉ်သီး သီးနှံများထွက်ပေါ်နေပြီး ခရမ်းချဉ်သီး‌ စျေးနှုန်း အနေဖြင့် ‌အောက်တိုဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင်(၁၅၀၀-၂၀၀၀)ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ ပထမပတ်တွင် တစ်ပိဿာလျှင်(၁၀၀၀-၁၅၀၀)ကျပ်ဖြင့် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်အပတ်နှင့်ယခုအပတ် နှိုင်းယှဉ်ပါက စျေးနှုန်းများကျဆင်းနေကြောင်း ခရမ်းချဉ်သီး ရောင်းချသည့် စျေးသည်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)