Main menu

ကြက်ဥဈေးနှုန်း မြင့်တက်လျက်ရှိ

Powered by Drupal

     လွိုင်ကော်မြို့ဈေးကွက်အတွင်းတွင် အခြေခံစားကုန်များ အခြားဒေသမှ အများအပြား ဝင်ရောက်လျက်ရှိရာ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရဖြစ်သည့် ကြက်ဥကို တောင်ကြီး၊ မိုးဗြဲ ဘက်မှ  အများဆုံးဝင်ရောက်လျက်ရှိရာ ယခုအောက်တိုဘာလ စတုတ္ထပတ်တွင် တောင်ကြီးမှ ကြက်ဥ (၅၅၄၀) ကဒ် ဝင်ရောက်ကြောင်း မြို့ဦးဂိတ်စာရင်းအရ သိရပါသည်။ ယခု ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် (၂၅၀) ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၂၀) ကျပ် ဈေးဖြင့် ရောင်းချလျက်ရှိပြီး ယခင်စက်တင်ဘာလ စတုတ္ထပတ် ကြက်ဥဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် (၂၀၀) ကျပ်၊ အလုံးသေး တစ်လုံးလျင် (၁၈၀) ကျပ် ခန့်ရှိခဲ့ပြီး ယခင် စက်တင်ဘာလ စတုတ္ထပတ် နှင့် ယခုအောက်တိုဘာလ စတုတ္ထပတ် နှိုင်းယှဉ်လျှင် အလုံးကြီး တစ်လုံးလျှင် (၅၀) ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၄၀) ကျပ်ခန့်၊ ဈေးနှုန်း မြှင့်တက်လာကြောင်း ၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ ဒေသထွက် ကြက်ဥထွက်ရှိမှုမှာ အနည်းငယ်မျှသာရှိခြင်း၊ ကြက်စာဈေးနှုန်းများမြှင့်တက်လာခြင်း၊ ဈေးကွက်လိုအပ်သော ကြက်ဥများကို အခြားဒေသများမှ မှာယူရ၍ သယ်ယူစရိတ်များရှိခြင်းကြောင့်ဖြစ်သည်ဟု နောင်ယားဈေး ကြက်ဥရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)