
၈.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် စားအုန်းဆီကိုယ်စားလှယ်များထံသို့ ယာဉ်အမှတ် 5c-2207၊ ယာဉ်မောင်း ဦးနေဝင်းအောင် မော်တော်ယာဉ်ဖြင့် “Myat Ah Kan” ကုမ္ပဏီသို့ စားအုန်းဆီ (၂၀) ပေပါနှင့် ယာဉ်အမှတ် 5C-2207၊ ယာဉ်မောင်း ဦးနေဝင်းအောင် မော်တော်ယာဉ်ဖြင့် “Lwin Maung Maung” ကုမ္ပဏီသို့ စားအုန်းဆီ (၃၆) ပေပါ ရောက်ရှိလာမှုအခြေအနေအား သွားရောက် စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို သထုံမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်၊ အလေးချိန်ပြည့်မီစေရေး၊ သတ်မှတ် ဗီနိုင်း ချိတ်ဆွဲရောင်းချရန် ပြောကြားခဲ့ကြောင်း သိရသည်။
DOCA (မွန်)
