Main menu

မအူပင်မြို့နယ်မှ ထွက်ရှိသော ဆန်/ဆန်ကွဲ အောက်တိုဘာလ ရန်ကုန် တင်ပို့နှိုင်မှုနှင့် အခြားမြို့နယ် စီးထွက်မှု အခြေအနေ

Powered by Drupal

  မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ စိုက်ပျိုးထွက်ရှိသော စပါးများကို ဆန်စက်(၁၉)စက်မှ ကြိတ်ခွဲပြီး ထွက်ရှိလာသော ဆန်/ဆန်ကွဲများကို ရန်ကုန်သို့ အဓိကထားတင်ပို့လျက်ရှိပါသည်။ ၂၀၂၅ခုနှစ် အတွင်း အောက်တိုဘာလ ၁လအတွင်း ဆန်တင်ပို့မှု ၁၄၇၇၅ အိတ်နှင့် တန်အားဖြင့် ၇၃၉ အိတ်၊  ဆန်ကွဲအနေဖြင့် ၇၄၈၉ အိတ်၊ တန်အားဖြင့် ၃၇၅ တန်၊ ယခင်လတင်ပို့မှုမှာ ဆန်အိတ် ၁၃၃၄၃ အိတ်၊ ဆန်ကွဲ အိတ် ၆၄၃၁ အိတ်  နှိုင်းယှဉ်တင်ပို့မှုမှာ ဆန် ၁၄၃၂ အိတ် တိုးမြင့်တင်ပို့ပြီး ဆန်ကွဲအနေဖြင့်  ၁၀၅၈ အိတ် ပိုမို တင်ပို့ကြောင်း တွေ့ရှိရသည်။ 

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူမြို့နယ် အနေဖြင့် ဆန်စက် ၁၉ စက်ရှိပြီး ဒေသထွက်ရှိသော ဆန်နှင့် ဆန်ကွဲများကို ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်းစက်မှု ဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင့်လျက်ရှိကြောင်း သိရှိရပါသည်။

  အခြားမြို့နယ်တင်ပို့မှု အနေဖြင့် အောက်တိုဘာလ ဆန် ၁၆၆၇၅၀ အိတ်၊ ဆန်ကွဲ ၅၃၂၄၀ အိတ် နှင့် ယခင်လက ဆန် ၁၈၈၂၀၀အိတ်၊ ဆန်ကွဲ ၇၃၂၅၀ အိတ် ကို ယခုလ ၂၁၄၅၀အိတ်၊ ဆန်ကွဲ ၂၀၀၁၀အိတ် လျောနည်းတင်ပို့ ကြောင်းတွေ့ရှိရပြီး လျော့နည်းရခြင်းမှာ ဒေသထွက် စပါးများ ထွက်ရှိမှု နည်းပါးသေးသဖြင့် မိုးလေဝသအခြေအနေများကြောင့် စပါးအခြောက်လှန်းရန် လိုအပ်နေသေးသောကြောင့် မြို့နယ်တွင်း ဆန်/ဆန်ကွဲအကျန်များကို တင်ပို့ခြင်းဖြစ်ကြောင်း မြို့နယ်ကုန်သည်များထံမှ သိရသည်။

DOCA(ဧရာဝတီ)