
ဂွေးသီးပင်များသည် နှစ်ရှည်အပင်အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်၍ အသီးကိုစားသုံးနိုင်သောအပင်ဖြစ်ပြီး ပန်းပွင့်သည်အဖြူရောင်ဖြစ်၍ အပင်အမြင့် မှာ ပေ(၃၀-၄၀)ခန့်အထိရှိကြောင်း၊ ဝင်ငွေရစီးပွားဖြစ်သောအပင်ဖြစ်ပြီး ကျန်းမာရေးအတွက် လည်း ဆေးဖက်ဝင်သော အပင်ဖြစ်ကြောင်းသိရှိရသည်။ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးသော ဗီတာ မင်စီကြွယ်ဝစွာပါဝင် သဖြင့်အဆုတ်နှင့် အာရုံကြောများကိုအားကောင်းစေကြောင်း၊ သံဓာတ် ပါဝင်မှုကြောင့် သွေးအားနည်းခြင်းရောဂါကို ကာကွယ်ပေးကြောင်း၊ အသားအရေ နူးညံ့ချောမွတ်စေ၍ နှလုံးနှင့် သွေးလည်ပတ်မှုကောင်းမွန်စေသလို သွေးဖိအားကိုလည်း ထိန်းညှိပေးကြောင်း၊ အမျှင်ဓာတ်နှင့် Antioxidant များပါဝင်သောကြောင့် ခန္ဓာကိုယ်ထဲရှိ အညစ်အကြေးနှင့် အဆိပ်အတောက်များ ကိုဖယ်ရှားပေးကြောင်း၊ ဂွေးသီးသည် ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်၍ အရည်ရွှမ်းပြီး အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သဖြင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေကြောင်း၊ အသီးတွင် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သဖြင့် အစာအိမ်နှင့် အူလမ်းကြောင်း အတွက်ကောင်းမွန် ကြောင်း၊ အညာဒေသဖြစ်သော မြင်းခြံမြို့တွင်ဂွေးသီးများကို အသုပ်၊ အထောင်းများပြုလုပ်၍ ပြုလုပ်၍စားသုံးကြသလို ဂွေးသီးငပိချက်၊ ဂွေးသီးမြေပဲဆံချက်နှင့် ဂွေးသီးဝက်သားချက်များအဖြစ် ချက်ပြုပ်စားသုံးကြာင်း သိရှိရသည်။
DOCA (မန္တလေး)
