
လူအများစုသည် ကြက်ဥပြုတ်ကို အများအားဖြင့် နံနက်စာအဖြစ် စားသုံးကြကြောင်း၊ ကြက်ဥသည်မြေဓာတ်နှင့် ရေဓာတ်မျှတမှုရှိပြီး စွမ်းအင်ပေးကြောင်း၊ အာဟာရဓာတ်ပြည့်ဝသော အစားအစာတစ်မျိုးဖြစ်ပြီး ပရိုတင်းဓာတ်ကြွယ်ဝသောကြောင့် ခန္ဓာကိုယ်အတွက် ကြွက်သား များတည်ဆောက်ခြင်း၊ ပြုပြင်ခြင်းနှင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များအတွက် အကျိုးပြုပြီးသော ကြောင့် ကလေးမှသည် လူကြီးအထိ သတ္တုဓာတ်များ ပါဝင်သောကြောင့် စားသုံးသင့်ကြောင်း၊ ပရိုတင်းဓာတ်ကြွယ်ဝသော ကြက်ဥကိုစားသုံးခြင်းသည် ကြွက်သားများသန်မာစေသောကြောင့် အားကစားသမားများအတွက် အကောင်းဆုံးအစားအစာတစ်ခုဖြစ်ကြောင်း၊ ကိုလင်းဓာတ်ပါဝင် သောကြောင့် ဦးနှောက်နှင့် အာရုံကြောစနစ်ကျန်းမာရေးအတွက် အထောက်အကူပြုကြောင်း၊ ဗီတာမင်အေ၊ ဗီတာမင်ဒီနှင့် ဇင့်ဓာတ်တို့ပါဝင်သောကြောင့် ကိုယ်ခံအားကိုမြှင့်တင်ပေးကြောင်း၊ဗီတာမင်ဒီကြွယ်ဝ၍ အရိုးများသန်မာစေကြောင်း၊ အာဟာရဓာတ်များစွာပါဝင်သော အစားအစာ တစ်ခုဖြစ်ပြီး နေ့စဉ်စားသုံးပါက ပရိုတင်းဓာတ်ကြွယ်ဝကြောင်းလေ့လာဖတ်ရှု့ရသည်။ မြင်းခြံမြို့၊ အေးမြသီတာဈေး၌ရောင်းချနေသော ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလပထမပတ်တွင်ကြက်ဥတစ်ပိဿာလျှင်(၁၂၀၀၀) ကျပ်ပိဿာခန့်ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
DOCA (မန္တလေး)
