Main menu

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ လိမ္မော်သီးနှင့် ချယ်ရီပန်းသီး

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ နာနတ်သီး၊ ပန်းသီး၊ သခွားမွှေးသီး၊ ဖရဲသီး၊ ငှက်ပျောသီးနှင့် လိမ္မော်သီးများ ရောင်းချလျက်ရှိရာ ချယ်ရီပန်းသီးနှင့် လိမ္မော်သီးများကို မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း လိမ္မော်သီး (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ (၁)ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ပျားလိမ္မော်သီး(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ချယ်ရီပန်းသီး (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ (၁)ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလ ဒုတိယပတ်အတွင်း ချယ်ရီပန်းသီး(၁)ပိဿာ လျှင် (၂၀၀၀)ကျပ်ဈေးနှုန်းဆက်လက်ကျဆင်းသွားကြောင်း သစ်သီးဆိုင်များမှ သိရသည်။

DOCA(စစ်ကိုင်း)