
တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၉၀၀)ကျပ်၊ 95 Octance(၃၀၀၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၇၀) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၃၁-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance(၂၈၁၅)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၅၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၀၀)ကျပ်ဖြစ်ကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများ သည် ယခင်အပတ် ထက် တစ်လီတာလျှင် 92 Octanceတွင်(၃၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၇၅)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တွင်(၉၀)ကျပ်တို့ အသီးသီး ဈေးနှုန်းမြင့်တက်ခဲ့ ကြောင်း သိရှိရသည်။
DOCA (မန္တလေး)
