Main menu

မြိတ်မြို့သို့ ကားဖြင့် စားအုန်းဆီပေပါများ ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    တနင်္သာရီတိုင်း၊ မြိတ်မြို့အတွက် သုံးစွဲလျက်ရှိသောစားအုန်းဆီများကို မြိတ်ခရိုင်ဆီအရောင်း ကိုယ်စားလှယ်များသည် ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ခွဲတမ်းဖြင့်ဝယ်ယူလျက်ရှိပြီး (၅.၁၁.၂၀၂၅)ရက် နေ့တွင် ခွဲတမ်းရရှိသော စားအုန်းဆီပေပါ(၇၄)ပေပါသည် ယာဉ်အမှတ် 3R-4767 ဖြင့်ရောက်ရှိလာပြီး (.၁၁.၂၀၂၅)ရက်နေ့တွင် ခွဲတမ်းရရှိသော စားအုန်းဆီပေပါ(၆၅)ပေပါသည်  ယာဉ်အမှတ် 5J-9326 တို့ဖြင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင် မြိတ်မြို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါ သည်။ ရောက်ရှိလာသောစားအုန်းဆီများကို မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ် ဆေးခဲ့ပြီး ၎င်းစားအုန်းဆီများကို ၂ ရာခိုင်နှုန်းအမြတ်နှင့် သယ်ယူပို့ ဆောင်ကုန်ကျစရိတ်များဖြင့် ဆီအရောင်းကိုယ်စားလှယ်မှ လက်လီဆိုင်များသို့ ဖြန့်ဝေရောင်းချပေးမည်ဖြစ်ပြီး လက်လီဆိုင်များမှ ပြည်သူများသို့ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)