Main menu

ညောင်ဦးမြို့နယ်၏ အောက်တိုဘာလ နောက်ဆုံးပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

Powered by Drupal

      စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၃၁-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance(၂၈၁၅)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၅၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၀၀)ကျပ်ဖြစ်ကြောင်း သိရှိရသည်။

       ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများ အနေဖြင့် 92 Octance(၂၈၆၅)ကျပ်၊ 95 Octance(၃၀၂၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၇၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ် ထက် တစ်လီတာလျှင် 92 Octanceတွင်(၃၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ်တွင် (၇၅)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တွင်(၉၀)ကျပ်တို့ အသီးသီး ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)