
ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက် များကို စိုက်ပျိုးလျက်ရှိသည့်အနက် ချဥ်ပေါင်ရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ဈေးတွင် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရရှိသည်။
ချဉ်ပေါင်ရွက်သည် ရာသီမရွေး ပေါများသော အရွက်တစ်မျိုးဖြစ်သော်လည်း မိုးရာသီတွင်သာ ပေါများလှပါကြောင်း ချဉ်ပေါင်ရွက်ကို အိမ်ရှင်မများအနေဖြင့် နေ့စဉ် အရန်ဟင်းအရည်သောက် အဖြစ်ချက်ပြုတ်စားသောက်ပါကြောင်းနှင့် သိရှိရပြီးထားဝယ်မြို့၊စည်ပင်ဈေးနှင့်ကမ်းနားဈေးများ တွင်ဖြစ်ပေါ်နေသောချဉ်ပေါင်ရွက်ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက်တစ်စီးလျှင်(၅၀၀)ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(တနင်္သာရီ)
