
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်စျေးကွက်သို့ မွန်ပြည်နယ်ဘက်မှ ထွက်သည့် ကျွဲကောသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ နိုဝင်ဘာလအတွင်းဖြစ်ပေါ်သည့် စျေးနှုန်း များ မှာကျွဲကောသီး ၁ လုံးလျှင် အလုံး(ကြီး) ၈၀၀၀ကျပ်မှ ၉၅၀၀ကျပ် အလုံး (လတ်) ၄၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်၊ အလုံး(သေး) ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်စျေးတို့ဖြင့် အလုံးအရွယ်အစား အပေါ်မူတည်၍ စျေးနှုန်းကွာခြားမှုရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း မွန်ပြည်နယ်၊ မော်လမြိုင်ဒေသထွက် ကျွဲကောသီးများအား လူကြိုက်များကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
