
မန္တလေးတိုင်ဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင် သော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံများသည် ရာသီအလိုက် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဂျုံနှင့် စားဖိုဆောင် သီးနှံများကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ ယခင်နှစ် ပဲစဉ်းငုံသီးနှံ စိုက်ပျိုးမှု အနေဖြင့် (၃၀၃၀၀)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး၊ စိုက်ပျိုးမှုအနေဖြင့်(၃၃၃၈၈)ဧကစိုက်ပျိုးနိုင်ခဲ့ပါသည်။မျိုးအသုံးချမှုအနေဖြင့် တစ်ဧကလျှင်(၂)ပြည်ခန့်ထည့်သွင်းစိုက်ပျိုးကြပါသည်။တစ်ဧကပျမ်းမျှအထွက် နှုန်းအနေဖြင့် (၁၁.၀၅)တင်းထွက်ရှိခဲ့ပြီး ရာသီချိန်ပဲစဉ်းငုံတစ်တင်းဈေးအနေဖြင့် (၉၀၀၀၀/၉၂၀၀၀)ကျပ်ရှိခဲ့ပါသည်။ယခုနှစ်တွင်ပဲစဉ်းငုံသီးနှံကို စိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၃၀၃၀၀)ဧကရှိပြီး၊ (၃၃၃၀၀) ဧက စိုက်ပျိုးကြောင်းသိရသည်။ ပဲစဉ်းငုံစိုက်ပျိုးမှုအများဆုံးအနေဖြင့် ဘုရားထူးကျေးရွာ၊ ရွာသစ်၊ စီထိန်း၊ တမာပင်၊ အောက်ရိုး၊ ရွာသာ၊ နတ်စိမ်း၊ ထနောင်းပင်၊ မြို့သာ၊ သရက္ကန်၊ အောင်ချမ်းသာကျေးရွာနှင့်ကုန်းသာကျေးရွာ စသည့်ကျေးရွာများဖြစ်ပါသည်။ ယခုနှစ် ပဲစဉ်းငုံမျိုးဈေး အနေဖြင့် တစ်ပြည်လျှင်(၁၀၀၀၀)ကျပ်ဈေးများရှိခဲ့ပြီး ပဲစဉ်းငုံ တစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေ ဖြင့် မျိုး၊ မြေယာပြုပြင်မှု၊ သွင်းအားစု၊ လုပ်သားခများအပါအဝင်(၃၂၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျမှု ရှိပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့်(၃၀၀၀၀၀)ကျပ်ဝန်းကျင်ရှိပြီး နွားစာရှားပါးသည့် ဒေသ များဖြစ်သည့်အတွက် အကျိုးအမြတ်နည်း ပါးသော်လည်း တစ်ဖက်မှလည်းနွားစာရရှိသဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ ဒေသထွက်ပဲစဉ်းငုံများကို ရောင်းဝယ်မှုဈေးကွက်အနေဖြင့် မန္တလေးမြို့ နှင့်ကျောက်ဆည်မြို့များသို့ တောင်သူများကိုယ်တိုင် ဈေးဝယ်လိုက်ရင်းဖြင့်သော်လည်းကောင်း၊ကားတင်ပေး၍သော်လည်းကောင်း အများဆုံး ရောင်းချကြပါသည်။ယခုနှစ် မိုးလေဝသရာသီဥတု ကောင်းမွန်၍ ပဲစဉ်းငုံများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
DOCA (မန္တလေး)
