Main menu

၂၀၂၅-၂၀၂၆ ခုနှစ် ငါန်းဇွန်မြို့နယ် စပါးစိုက်ပျိုးထားရှိမှု

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်သည် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးလျာထားဧက (၅၅၃၅)ဧက၊ စိုက်ပျိုးဧက (၄၀၉၂)ဧကစိုက်ပျိုးပြီး သက်ဆိုင်ရာဌာနစာရင်းအရသိရသည်။ စိုက်ပျိုးသော မျိုးများမှာ မနောသုခစပါး (၄၀၄၁)ဧကနှင့် အောင်နိုင်တိုးစပါး (၅၁)ဧက စိုက်ပျိုးထားကြောင်း သိရ သည်။  ယခင်နှစ် နွေစပါးထွက်ပေါ်ချိန်တွင် စပါးတစ်တင်းကို (၈၅၀၀/၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဆန်တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်နှင့် ရောင်းချရကြောင်း သိရသည်။ ဆည်ရေ သောက်စနစ်ဖြင့် (၄၅၀)ဧက၊ မြစ်ရေတင်စနစ်ဖြင့် (၅၅၇)ဧက၊ မိုးကောင်းသောက်စနစ်ဖြင့် (၁၉၈၉)ဧက နှင့် အခြားနည်းလမ်း(စက်ရေတွင်း၊ မြစ်ရေဝင်)ဖြင့် (၁၀၉၆)ဧကစိုက်ပျိုးကြောင်းလည်း သိရသည်။ စပါးစိုက်ပျိုးသော ကျေးရွာများမှာ သားကျင်၊ ဆင်ဖြူကုန်း၊ ငါန်းမြာ၊ မိုးထောင်၊ မရိုးကုန်း၊ ကုလရွာ၊ ဆင်တပ်၊ ရွာဘို၊ ရွာသစ်၊ ကျောက်တလုံးကျေးရွာများတွင် စိုက်ပျိုးကြောင်း သိရသည်။

DOCA (မန္တလေး)