
မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို စာရင်း ထည့်သွင်းပေးနိုင်ရေး၊ ရေးသွင်းသော စာရင်းအချက်အလက်များနှင့် မြေပြင်ရှိ ကုန်လက်ကျန် စာရင်းကိုက်ညီမှုရှိ/မရှိ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ (၆.၁၁.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့်ဝန်ထမ်းများသည် မြင်းခြံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ‘‘ရန်သူအောင်’’ ဆန်သိုလှောင်ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်း ရှင်များအနေဖြင့် ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်မှုရှိရန်နှင့် လိုက်နာမှုမရှိသော လုပ်ငန်းပိုင်ရှင်များအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းများရှိကြောင်း အသိပေး ဆွေးနွေး၍ မြေပြင်ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ DOCA (မန္တလေး)
