Main menu

မြို့မဈေးရှိ သရေစာ နေကြာစေ့လှော်နှင့် ပဲကြီးလှော်

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ တွင်ရေဦးပေါက်ပေါက်ဆုပ်၊ ကြံသကာ၊ ဇီးထန်းလျက်၊ မြေပဲယို၊ မြေပဲဆားလှော်၊  ပဲကြီးလှော်နှင့် နေကြာစေ့လှော်များကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း၊ လူကြီး ၊လူငယ်မရွေး ပဲကြီးလှော်နှင့် နေကြာစေ့လှော်ကို  သရေစာအဖြစ် စားသုံးကြကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင်  သရေ စာနေကြာစေ့လှော် လက္ကားတစ်ပြည်လျှင် (၈၅၀၀)ကျပ်၊ လက်လီတစ်ပြည်လျှင် (၈၈၀၀)ကျပ်၊ နို့ဆီ ဘူး(၄)ဘူးလျှင် (၄၄၀၀)ကျပ်နှင့် နို့ဆီဘူး(၁)ဘူးလျှင် (၁၀၀၀)ကျပ်၊ ပဲကြီးလှော်(၁)ပြည်လျှင်  (၈၀၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာ လပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း နေကြာစေ့(၁)ပြည်လျှင် (၅၀၀) ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း  ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)