Main menu

ရွှေဘိုမြို့ရှိဈေးများတွင် ရောင်းချနေသည့် ဇီးဖြူသီးအစိမ်း၊ ဇီးဖြူသီးခြောက်နှင့် ကြောင်လျှာ ပွင့်ခြောက်ဈေးနှုန်း

Powered by Drupal

     ရွှေဘိုမြို့ရှိဈေးများတွင် သစ်သီးဝလံများ၊ အသား/ငါးများ၊ အဝတ်အထည်များ၊ လူသုံးကုန် ပစ္စည်းများကိုရောင်းချလျက်ရှိရာ ဇီးဖြူသီးအစိမ်း၊ ဇီးဖြူသီးခြောက်နှင့် ကြောင်လျှာပွင့်ခြောက်များကိုလည်းရောင်းချလျက်ရှိပါသည်။ အသီးအနှံများ၊ သစ်သီးဝလံများသည် မိုးရာသီအချိန်တွင် ပေါ်ပေါ်များများထွက်ရှိသဖြင့် စားသုံးသူများသည် အသီးအနှံများကို နွေ၊ မိုး၊ ဆောင်း ရာသီနှစ်ပတ်လည်မရွေး စားသုံးနိုင်ရန် သိုလှောင်သိမ်းဆည်းကြသဖြင့် ဈေးသည်များမှ သစ်သီးဝလံအစိမ်းများကို အခြောက်အဖြင့် ပြန်လည်ပြုပြင်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယ) ပတ်တွင် ရောင်းချနေသော ဇီးဖြူသီးအစိမ်းဈေးနှုန်းမှာ နို့ဆီဗူး(၁)ဗူးလျှင် (၇၀ဝိ/-) ကျပ်၊ ဇီးဖြူသီးခြောက် နို့ဆီဗူး(၁)ဗူးလျှင် (၁၂၀ဝိ/-)ကျပ်၊ ကြောင်လျှာပွင့်ခြောက်(၅)ကျပ်သားလျှင် (၁၅၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)