
ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၃၁)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့ စက်သုံးဆီ တစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၇၅၀)ကျပ်၊ 95 Octance(၂၈၃၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၅၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၇-၁၁-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance(၂၇၂၀)ကျပ်၊ 95 Octance(၂၈၀၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၂၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၆၀)ကျပ် ဖြစ်ကြောင်း သိရှိရသည်။သတ်မှတ်ရည်ညွှန်းဈေးများသည်ယခင်အပတ်ထက်ရိုးရိုးဒီဇယ်တွင်(၅၀)ကျပ်၊ပရီမီယမ်ဒီဇယ်တွင်(၆၀)ကျပ်တို့အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ပြီး 92 Octanceတွင်(၉၅)ကျပ်၊ 95 Octanceတွင် (၁၁၅)ကျပ်တို့ အသီးသီးဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
