
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိတို့ကို အားတက်တရော ဆောင်ရွက်လျက်ရှိရာ ၂၉.၁၀.၂၀၂၅ ရက်နေ့၌ ဒိုက်ဦးမြို့ရှိ အွန်လိုင်းလုပ်ငန်းတစ်ခုအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုး ဝင်းတို့သည် ရွှေညောင်ပင်ကျေးရွာ၊ ဆင်စခန်းကျေးရွာအုပ်စု၊ ဒိုက်ဦးမြို့ရှိ “ ကျော်ဇင်ဝေ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း ” အွန်လိုင်းအမည်ဖြင့် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းကို မှတ်ပုံတင်ထားရှိမှု အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက လျှောက်လွှာပုံစံတွင် ဖြည့်သွင်း ထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိရမည်ဖြစ်ကြောင်း၊ ရောင်းချရန်တင်ပြ ထားသော ကုန်ပစ္စည်း (သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချရန်၊ လျှောက်လွှာတွင် ဖြည့်သွင်းထားသည်များနှင့် မကိုက်ညီလျှင် စားသုံးသူ ကာကွယ်ရေး ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းတို့ကို ဟောပြောရှင်းပြခဲ့ပါသည်။ ထို“ ကျော်ဇင်ဝေ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း ” သည် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိ ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
