Main menu

ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲအား စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်

Powered by Drupal

  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မူပိုင်ခွင့် ဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပွဲအား ၃၁.၁၀.၂၀၂၅ ရက်နေ့တွင် ကျင်းပပြု လုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တကွ အရာထမ်း၊ အမှုထမ်းများမှ တက်ကြွစွာ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

     ထိုတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဦးစီးဌာနလက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများအား ဝန်ကြီးဌာန၏ မူဝါဒ၊ သဘောထား၊ ရှေ့ဆက်လုပ်ဆောင်မည့် စီမံကိန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီး ဌာနတစ်ဦးချင်းစီလက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများ အနေဖြင့်လည်း ပြည်သူလူထု၏ အကျိုး၊ နိုင်ငံတော်၏ အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်ကြရန်၊ ကျရာတာဝန်များကို ကျေပွန်အောင် ထမ်း ဆောင်ကြစေလိုကြောင်း မှာကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများမှလည်း Online (Zoom Meeting)ဖြင့် တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)