Main menu

ညောင်လေးပင်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး၊ သောက်ဆေးအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ဦးစီးမှုးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို ကြိုးစား ပမ်းစား ဆောင်ရွက်လျက်ရှိရာ ၆.၁၁.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးနှင့် အဖွဲ့တို့ သည် ညောင်လေးပင်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး၊ သောက်ဆေးအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ ညောင်လေးပင် ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်း၊ အကြီး တန်းစာရေး ဒေါ်ဝါဝါအောင်၊ အငယ်တန်းစာရေး ဦးခွန်ကျော်ဝင်းထွန်းတို့သည်  ညောင်လေးပင်မြို့ ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဈေးကွက်ထဲ၌ ဆရာဝန်ညွှန် ကြားချက်မလိုသော အိမ်သုံးဆေးဝါး၊ သောက်ဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကျော်လွန်သော ဆေးဝါးများ ရောင်းချခြင်း ရှိ/ မရှိတို့ကို  စစ်ဆေးခဲ့ပါသည်။  စစ်ဆေးချက်များအရ ညောင်လေးပင်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာပါရှိကာ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)