
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် တာဝန်ခံရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အားတက် သရော ဆောင်ရွက်လျက်ရှိရာ ၇.၁၁.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်း နှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် မိတ်ဖက်ဌာနများနှင့်အတူ ကျောက်တံခါးမြို့နယ်ရှိ ဆေးဆိုင် များတွင် ဆရာဝန် ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး၊ သောက်ဆေးအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ ကျောက်တံခါး မြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ကျောက်တံခါးမြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဈေးကွက် ထဲ၌ ဆရာဝန်ညွှန်ကြား ချက်မလိုသော အိမ်သုံးဆေးဝါး၊ သောက်ဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကျော်လွန်သော ဆေးဝါးများ ရောင်း ချခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပါသည်။ စစ်ဆေးချက်များအရ ကျောက်တံခါးမြို့တွင်းရှိ ဆေးဆိုင် များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာပါရှိကာ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း မရှိကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
