Main menu

ဗီတာမင်ပြည့်ဝသော မုန်လာဥနီ

Powered by Drupal

        အာဟာရမျှတပြီး ကျန်းမာရေးအတွက်ကောင်းကျိုးများစွာပေးနိုင်သော အစားအစာများထဲ တွင် မုန်လာဉနီသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ အစိမ်းလိုက်ဝါးစားလို့ရပြီး အရသာလည်းရှိသလို ဗီတာမင်များစွာလည်းပါဝင်ပါသည်။ မုန်လာဉနီတွင် ကင်ဆာရောဂါနှင့် နှလုံးသွေးတိုးရောဂါများကို ကာကွယ်ပေးနိုင်သည့် ဗီတာမင်အမျိုးမျိုး၊ အမျှင်ဓာတ်၊ ကစီဓာတ်၊ ပိုတက်ဆီယမ်၊ အစရှိသည့် သတ္ထုဓာတ်များနှင့်နေ့စဉ်အာဟာရအတွက်မရှိမဖြစ်ထည့်စားသင့်သောအစားအစာ တစ်မျိုးလည်း ဖြစ်ပါ သည်။ မုန်လာဉနီ၏ကျန်းမာရေးကောင်းကျိုးများမှာကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ခြင်း၊အမြင်အာရုံကြည်လင်စေခြင်း၊ဆီးချိုကိုထိန်းပေးနိုင်ခြင်းနှင့် ကိုယ်ခံအားကောင်းစေခြင်း စသည့် ကျန်းမာရေးဆိုင်ရာ အထောက်အကူများကိုရရှိစေနိုင်ပါသည်။ ကျန်းမာရေးနှင့်လည်းညီညွတ်ပြီး စားသောက်ရလွယ်ကူသော မုန်လာဉနီကို မြင်းခြံမြို့၊ စံပြဈေးတွင် မုန်လာဉနီ (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်အထိအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)