
ငါန်းဇွန်မြို့နယ်သည် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းနေကြာ လျာထားဧက (၁၂၄၇၈)ဧက၊ စိုက်ပျိုးဧက (၁၂၄၈၀)ဧက၊ အထွက်နှုန်းမှာ(၂၁.၇၅)တင်း၊ အထွက်ပေါင်း (၂၇၁၄၄၀)တင်း ထွက်ရှိကြောင်း သိရသည်။ နေကြာကို ဒေသစားသုံးဆီ ဖူလုံမှုရှိစေသည့်အပြင် ကျန်းမာရေးနှင့်လည်း ညီညွတ်စေရန်အတွက် စားသုံးမှုပြုရန် စိုက်ပျိုးကြကြောင်း သိရသည်။ စိုက်ပျိုးသောမျိုးမှာ ဆင်းရွှေကြာ-၂ မျိုးနှင့် ရေဆင်း-၁ မျိုးများကို စိုက်ပျိုးကြကြောင်း သိရှိရသည်။ ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆောင်းနေကြာ လျာထားဧက (၁၂၄၇၈) ဧက၊ စက်တင်ဘာလမှ စတင်စိုက်ပျိုးပြီး အောက်တိုဘာလကုန်ထိ စိုက်ပျိုးပြီးစီးမှုမှာ (၃၈၉၄)ဧကဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးသော ကျေးရွာများမှာ ကျောက်တလုံး၊ သာစည်၊ ရွာသစ်၊ ငါန်းမြာ၊ နတ်သာတော၊ စီကောင်း၊ ဘုံသာစသည့် တို့တွင် စိုက်ပျိုးကြပြီး၊ မန္တလေးမြို့ သို့တင်ပို့ရောင်းချကြောင်း၊ ယခင်နှစ် နေကြာ တစ်တင်းလျှင် (၁၅၀၀၀၀) ကျပ်ဖြင့် ရောင်းချရကြောင်း ဒေသခံပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
DOCA(မန္တလေး)
