
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိ ဒေသခံများသည်မိသားစု စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်သည့်အပြင် စလေဘီ၊ ခါကြာမုန့်နှင့်ပေါက်စီများကို တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချကြပါသည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော စလေဘီ၊ ခါကြာမုန့်နှင့်ပေါက်စီ ဈေးနှုန်းများမှာ စလေဘီ(၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ စလေဘီ (၅၀)ကျပ်သားလျှင် (၆၀၀၀) ကျပ်နှင့်စလေဘီ(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် ခါကြာမုန့်(၁)ချပ်လျှင်(၅၀၀)ကျပ်၊ ပေါက်စီ (၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊စလေဘီ၊ခါကြာမုန့်နှင့်ပေါက်စီ များကိုသရေစာအဖြစ် စားသုံးရန်အတွက်လည်းကောင်း၊ လက်ဆောင်ပေးရန်အတွက်လည်း ကောင်းဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
