Main menu

အင်ဒိုနီးရှား၏ E10 မူဝါဒကိုပံ့ပိုးရန်အတွက် ဘိုင်အိုအီသနောတွင် ရင်းနှီးမြှုပ်နှံရန် တိုယိုတာ စိတ်ဝင်စား

Powered by Drupal

          ဂျပန်နိုင်ငံ၏အင်အားကြီးကားကုမ္ပဏီဖြစ်သည့် တိုယိုတာမော်တာကော်ပိုရေးရှင်းသည် ဘိုင်အိုအီသနောထုတ်လုပ်ခြင်းတွင်ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် အင်ဒိုနီးရှား၏ ၁၀ ရာခိုင်နှုန်း အီသနောလောင်စာအရော (E10) မူဝါဒကိုပံ့ပိုးပေးရန်စိတ်ဝင်စားမှုကို ပြသနေကြောင်း တာဝန် ရှိသူတစ်ဦးကပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံရင်းနှီးမြှုပ်နှံမှုဒုတိယဝန်ကြီး Todotu Pasaribu က ၂၀၂၇ ခုနှစ်တွင် စတင်မည့် E10 မူဝါဒအတွက် ဘိုင်အိုအီသနောလိုအပ်ချက် ကီလို လီတာ ၄ သန်းပတ်လည်နှင့်အတူအင်ဒိုနီးရှား၏ နှစ်စဉ်လောင်စာလိုအပ်ချက်သည် ကီလိုလီတာ သန်း ၄၀ ကျော်ကြောင်း၊ အကောင်အထည်ဖော်ရန်အတွက် အင်ဒိုနီးရှားသည် ပံ့ပိုးပေးမည့်စက်ရုံများ ပြင်ဆင်ထားရန်လိုအပ်ကြောင်းနှင့် တိုယိုတာသည် များစွာသောနိုင်ငံများအတွက် ဘိုင်အိုအီသနောဖြင့်မောင်းနှင်သည့် မော်တော်ယာဉ်များထုတ်လုပ်ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းကို Pasaribu က တိုယိုတာမော်တာ၏အာရှဒေသ CEO ဖြစ်သူ Masahiko Maeda နှင့် အစည်းအဝေးအတွင်း ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ Pasaribu က အစီအစဉ်သည် သမ္မတ Prabowo Subianto ၏ နိုင်ငံအား စွမ်းအင်ကိုယ်တိုင်ဖူလုံနိုင်စွမ်းရှိရန်၊ အစိမ်းရောင်စီးပွားရေးကိုမြှင့်တင်ရန်နှင့် သဘာဝအရင်းအမြစ်များကိုတန်ဖိုးမြှင့်တင်ရန်ညွှန်ကြား ချက်များနှင့် ချိန်ညှိလျှက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းသည် ဂျပန်နိုင်ငံ ဖူကူရှီးမားရှိ Research Association of Biomass Innovation for Next Generation Automobile Fuels (RABIT) စက်ရုံ ကိုလည်ပတ်ခဲ့ကြောင်း၊ ထိုနေရာတွင် တိုယိုတာနှင့် RABIT တို့က အစားအစာ မဟုတ်သည့် ဇီဝပစ္စည်းများကိုအသုံးပြုပြီး ဒုတိယမျိုးဆက်ဘိုင်အိုအီသနောထုတ်လုပ်နေကြောင်းနှင့် RABIT ၏နည်းပညာသည် များစွာသောစိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းအမျိုးအစားပေါင်းစုံကို အသုံးပြုပြီး ဘိုင်အိုအီသနောထုတ်လုပ်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့ပါသည်။ တိုယိုတာသည် အင်ဒိုနီးရှားနိုင်ငံပိုင်စွမ်းအင်လုပ်ငန်းဖြစ်သည့် Pertamina နှင့် ပူးတွဲလုပ်ကိုင်ရန်စီစဉ်နေပြီး၂၀၂၆ ခုနှစ်တွင် ပူးတွဲအကောင်အထည်ဖော်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ အစီအစဉ်တွင် E10 မူဝါဒကိုပံ့ပိုးပေးမည့် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိသော နှစ်စဉ် ဘိုင်အို အီသနော ၆၀၀၀၀ ကီလိုလီတာ ထုတ်လုပ်နိုင်စွမ်းရှိသည့် စက်ရုံတည်ထောင်ရန် ပါဝင်ကြောင်းသိရပါသည်။ Pasaribu က ရင်းနှီးမြှုပ်နှံမှုသည် အင်ဒိုနီးရှားအားပြည်တွင်း လိုအပ်ချက်ကိုပြည့်မီပြီး ပို့ကုန်အခွင့်အလမ်းသစ်များကို တံခါးဖွင့်လှစ်ပေးနိုင်ရန် ကူညီပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News

DOCA (ရန်ကုန်)