Main menu

ရွှေဘိုမြို့ရှိဈေးများတွင် ရောင်းချနေသည့် ဟင်းချိုရွက်၊ ကင်းပုံသီး၊ ခရမ်းကဆော့သီးဈေးနှုန်း

Powered by Drupal

     ရွှေဘိုမြို့ရှိဈေးများတွင် ဟင်းချိုရွက်တစ်မျိုးဖြစ်သည့် ဒန့်သလွန်ရွက်၊ ပြည်ပန်းညိုရွက်၊ ကင်းပုံရွက်၊ ဆူးပုတ်ရွက်များကို ရောင်းချလျက်ရှိပါသည်။ ဟင်းချိုရွက်များမှာ အညာဒေသမှထွက်ရှိပြီး မိမိတို့အိမ်တွင်သော်လည်းကောင်း၊ ခြံများ၊ ကုန်းများတွင်သော်လည်းကောင်း စိုက်ပျိုးကြ ကြောင်း၊ ဟင်းချိုရွက်များကို အစည်းလိုက်သော်လည်းကောင်း၊ တစ်ပုံစာအပုံလေးများသော်လည်းကောင်း ရောင်းချကြကြောင်း၊ ဟင်းချိုရွက်ဖြစ်သည့် ဒန့်သလွန်ရွက်(၁)စည်းလျှင် (၃၀ဝိ/-)ကျပ်၊ ပြည်ပန်းညိုရွက် လက်တစ်ပုံစာ (၁)ပုံလျှင် (၅၀ဝိ/-)ကျပ်၊ ကင်းပုံရွက်၊ ပြည်ပန်းညို၊ ဆူးပုတ်လေး ပါသည့် အရွက်စုံတစ်ပုံလျှင် (၅၀ဝိ/-)ကျပ်၊ ဆူးပုတ်လေးသန့်သန့် (၁)ပုံလျှင် (၇၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ကင်းပုံသီးတွင် အချိုနှင့်အခါးဟူ၍ (၂)မျိုးရှိကြောင်း၊ ကင်းပုံသီး  (၂၅)ကျပ်သားလျှင် (၈၀ဝိ/-)ကျပ်၊ ခရမ်းကဆော့သီး နို့ဆီဗူး(၁)ဘူးလျှင် (၁၅၀ဝိ/-)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)