
၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတွင် ဗီယက်နမ်သည် ငရုတ်ကောင်းတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံနီးပါးရရှိခဲ့ပြီး ၂၅ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (VPSA) ၏အဆိုအရ နိုင်ငံ သည်အောက်တိုဘာလတွင်ငရုတ်ကောင်းအနက် ၁၆၄၆၄ တန်နှင့် ငရုတ်ကောင်းအဖြူ ၂၉၆၆ တန် ပါဝင်သော ငရုတ်ကောင်းတန်ချိန် ၁၉၄၃၀ တန်တင်ပို့ခဲ့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၉.၅ သန်းရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၅.၁ ရာခိုင်နှုန်း နှင့် တန်ဖိုးတွင် ၇.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတွင် ဗီယက်နမ်သည် ငရုတ်ကောင်းတန်ချိန် ၂၀၆၄၂၇ တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၃၉ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၅.၉ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ဝင်ငွေရရှိမှုတွင် ၂၅.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်သည် တန်ချိန် ၄၄၂၆၂ ဖြင့်အကြီးမားဆုံးတင်ပို့ရာဈေးကွက်ဖြစ်ပြီး ၎င်း၏နောက်တွင် ယူအေအီး၊ တရုတ်၊ အိန္ဒိယနှင့် ဂျာမနီတို့ ရပ်တည်နေကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ပြုပြင်ထုတ်လုပ်တင်ပို့ရန်အတွက် အမေရိကန်ဒေါ်လာ ၂၃၇ သန်းတန်ဖိုးရှိသော ငရုတ်ကောင်းတန်ချိန် ၃၇၇၈၃ တင်သွင်းခဲ့ကြောင်း သိရပါသည်။ ဘရာဇီးမှာ အကြီးမားဆုံး ရောင်းချသူဖြစ်ပြီး စုစုပေါင်းတင်သွင်းမှု၏ တစ်ဝက်နီးပါးရှိကြောင်း သိရပါသည်။ ဗီယက်နမ်သည် ကမ္ဘာ့ငရုတ်ကောင်းတင်ပို့မှုတွင် ဦးဆောင်နေသော်လည်း ဘရာဇီးထံမှ ယှဉ်ပြိုင်မှုမှာ ပြင်းထန်နေ ကြောင်း သိရပါသည်။ ဘရာဇီးသည် ထုတ်လုပ်မှုအရှိန်မြှင့်တင်နေပြီး ငွေကြေးအားပျော့မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်သက်သာမှုတို့ထံမှ အကျိုးကျေးဇူးများရရှိနေကြောင်း သိရပါ သည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတွင် သစ်ကြမ်းပိုး ခေါက် တန်ချိန် ၉၉၄၆၃ တင်ပို့ရာမှဝင်ငွေအမေရိကန်ဒေါ်လာ ၂၄၉.၅ သန်းရရှိခဲ့ပြီး၂၀၂၄ ခုနှစ် တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၂၅.၁ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၁၃.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အိန္ဒိယ၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီးနှင့် တရုတ်တို့ မှာ အဓိက ဝယ်ယူသူများဖြစ်ကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
