
မြင်းခြံမြို့နယ်အတွင်း အသင့်သောက်အချိုရည်များစွာရောင်းဝယ်လျက်ရှိကြပြီး အချို့အချိုရည် များဖြစ်သော Fire Dragon ၊ Pocari Sweat ၊ Carabo(ကျွဲစိမ်း) ၊ Lactasoy (ပဲနို့) ၊ Vito (ပဲနို့) အချိုရည်များသည် ဈေးကွက်အတွင်းအဝယ်ရှိသော်လည်း ရောင်းချနိုင်ခြင်းမရှိဘဲ ပစ္စည်းပြတ်လပ် လျက်ရှိကြောင်းသိရသည်။ အအေးရာသီ အအေးကာလဆိုသော်လည်း ရာသီဥတုအနေဖြင့် အေးချမ်းတာမျိုးမရှိသည့်အတွက် အချိုရည်ကိုတော့ပုံမှန်ရောင်းချရမှုရှိကြောင်း အအေးမျိုးစုံရောင်းချ သူ တစ်ဦးထံမှသိရသည်။ အချိုရည်ဈေးနှုန်းများအနေဖြင့် Blue Mountain ၁၂ လုံး ၁ ကဒ် ၁၀၅၀၀ ကျပ် ၊ Honey Gold ၂၄ လုံး ၁ ကဒ် ၂၆၅၀၀ ကျပ်၊ Rocker ၂၄ လုံး ၁ ကဒ် ၂၁၅၀၀ ကျပ်၊ Asia lycee ၂၄ လုံး ၁ ကဒ် ၂၀၅၀၀ ကျပ် ၊ Asia ပင်မှည့် ၂၄ လုံး ၁ ဖာ ၁၀၇၀၀၀ ကျပ် ၊ Terget ၁၂ လုံး ၁ ကဒ် ၉၀၀၀ ကျပ်၊ ကိုကာကိုလာ ၁၂ လုံး ၁ ကဒ် ၁၀၅၀၀ ကျပ်၊ Sunkist ၁၂ လုံး ၁ ကဒ် ၉၈၀၀ ကျပ်၊ KoKu Red Grape ၁၂ လုံး ၁ ကဒ် ၁၁၈၀၀ ကျပ်၊Shark ၂၄ လုံး ၁ ကဒ် ၄၇၅၀၀ ကျပ်၊ lipo ၁၂ လုံး ၁ ကဒ် ၃၅၀၀၀ ကျပ် ၊ life ရေသန့် ၁ လီတာ ၆ ဗူး ၁ ကဒ် ၃၁၀၀ ကျပ် ၊ ၀.၅ လီတာ ၁၂ ဗူး ၁ ကဒ် ၂၉၀၀ ကျပ်နှင့် Asia ရေသန့် ၆ ဗူး ၁ ကဒ် ၂၉၀၀ ကျပ် များဖြင့်ရောင်းချလျက်ရှိကြောင်းသိရသည်။
DOCA (မန္တလေး)
