
မြင်းခြံမြို့ အေးမြသီတာကုန်စိမ်းဈေးတန်းတွင်ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်အသီး အနှံဈေးနှုန်းများကို ဈေးကွက်လေ့လာစုံစမ်းမေးမြန်းရာ ရောင်းချလျက်ရှိသော အသီးအနှံအများ အပြားသည် ရှမ်းပြည်နယ်ဒေသထွက် အသီးအနှံများသာအရောင်းအဝယ်ပြုနေကြကြောင်းသိရသည်။ ဈေးနှုန်းများအနေဖြင့် ပန်းမုံလာ ၁ ပွင့်လျှင် ၁၅၀၀ - ၂၀၀၀ ကျပ် ၊ဂေါ်ရခါးသီး ၁ လုံးလျှင် ၁၅၀-၃၀၀ ကျပ်၊ မုံလာဥဖြူ ၅ လုံးပါ ၁ တွဲ ၇၀၀-၈၀၀ ကျပ် ၊ ငရုပ်ပွ ၁ ပိဿာ ၈၀၀၀ ကျပ် ၊ ငရုပ်သီးစိမ်း ကုလား အော် ၁ ပိဿာ ၉၀၀၀-၁၀၀၀၀ ကျပ်၊ ရွှေပဲသီး ၁ ပိဿာ ၁၁၀၀၀-၁၂၀၀၀ ကျပ်၊ ဘိုစားပဲ ၁ ပိဿာ ၇၀၀၀-၈၀၀၀ ကျပ်၊ မုန်ညှင်းဖြူ ၁ ထုပ် ၃၀၀၀-၄၀၀၀ ကျပ် ၊ ဂျင်းတက် ၁ ပိဿာ ၄၀၀၀-၅၀၀၀ ကျပ်၊ ခရမ်းချည်သီး ၁ ပိဿာ ၂၀၀၀-၂၅၀၀ ကျပ် ၊ ဗမာသီး ၁ ပိဿာ ၃၀၀၀ ကျပ် ၊ ခရမ်သီး ၁ ပိဿာ ၂၅၀၀-၃၀၀၀ ကျပ် ၊ ဂျူးမြစ် ၁ ပိဿာ ၈၀၀၀ ကျပ် ၊ သရက်ချည် ၁၀ သားထုပ် ၁ ထုပ်လျှင် ၈၀၀ ကျပ် နှင့် ခဝဲသီး ၁ လုံး ၂၅၀၀-၃၀၀၀ ကျပ်တို့ဖြင့်ရောင်းချလျက်ရှိကြောင်းသိရပြီး ကုန်စိမ်းဖြစ်သည့်အတွက် ရောင်းချရသည့် ပစ္စည်းအရည်အသွေးပေါ် မူတည်၍ တစ်ခါတစ်ရံဈေးလျော့ရောင်းရသည် များလည်းရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြမှုအရသိရသည်။
DOCA (မန္တလေး)
