
ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၉ ဘီလီယံတန်ဖိုးရှိ ငရုတ်ကောင်းတန်ချိန် ၂၀၆၄၀၀ ကျော် တင်ပို့ခဲ့ကြောင်း ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ် အမွှေးအကြိုင် အသင်း၏ပြောကြားချက်ကို ကိုးကားပြီး ဗီယက်နမ်သတင်းအေဂျင်စီက နိုဝင်ဘာ ၁၀ ရက် တွင် ထုတ်ပြန်ထားသည်။
ယင်းကာလအတွင်း ဗီယက်နမ်၏ ပို့ကုန်ပမာဏမှာ ယမန်နှစ်ကထက် ၅ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်းသွားသော်လည်း ပို့ကုန်တန်ဖိုးမှာ ၂၅ ဒသမ ၄ ရာခိုင်နှုန်း တိုးလာကြောင်း ထုတ်ပြန် ချက်အရ သိရသည်။
ငရုတ်ကောင်းနက်၏ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၂၈ ဒေါ်လာနှင့် ငရုတ်ကောင်းဖြူတစ်တန်လျှင် ဒေါ်လာ ၈၆၈၃ ဒေါ်လာရှိရာ ပျမ်းမျှဈေးနှုန်းများမှာ ယမန်နှစ် အလား တူကာလကထက် ငရုတ်ကောင်းအနက် ၃၆ ဒသမ ၆ ရာခိုင်နှုန်းနှင့် ငရုတ်ကောင်းအဖြူ ၃၄ ဒသမ ၄ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် ငရုတ်ကောင်းတန်ချိန် ၄၄၂၆၂ တန်ဖြင့် ဗီယက်နမ်ငရုတ်ကောင်း၏ အကြီးမားဆုံးဈေးကွက်အဖြစ်ရှိနေပြီး ယင်းနောက်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နှင့် တရုတ်နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
Source: ဆင်ဟွာ
DOCA(ပြည်ထောင်စုနယ်မြေ)
