
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ မြန်မာ ဆန်/စပါး အွန်လိုင်း(Myro)တွင် မှတ်ပုံတင်ခြင်း လုပ်ငန်းများ ကိုဆောင်ရွက်လျှက်ရှိရာ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန ၌ (၁၀.၁၁.၂၀၂၅)ရက်၊ နံနက် (၁၀;၀၀)နာရီတွင် နတ်တလင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသင်းက Myro တွင် ဆန်/စပါး သိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ Myro တစ်နှစ်သက်တမ်းပြည့်ပြီးသူများ ပြန်လည်သက်တမ်း တိုးရန်နှင့် သက်တမ်းတိုးပြီးသူများနှင့် အသစ်လျှောက် ထားသည့် လုပ်ငန်းရှင်များ အနေဖြင့် www.myro.com.mm တွင် လစဉ်လဆန်း (၁)ရက်နေ့မှ (၇) ရက်အတွင်း ကုန်ပစ္စည်း ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စာရင်းများဖြည့်သွင်းရေး တို့ကိုဆွေးနွေးခဲ့ပြီး စာရင်းထည့်သွင်းရာတွင် အခက်အခဲများရှိပါက ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အသိပေးပြောကြား ခဲ့ကြောင်းသိရသည်။
DOCA(ပဲခူး)
