Main menu

အိန္ဒိယနိုင်ငံနှင့်ကုန်သွယ်ရေးသဘောတူညီမှုဆွေးနွေးမှု နီးကပ်နေကြောင်းနှင့် အကောက်ခွန်များ လျော့ချတော့မည့်ဟု အမေရိကန်သမ္မတ Donald Trump ပြောကြား

Powered by Drupal

            အမေရိကန်သမ္မတ Donald Trump သည် အိန္ဒိယနိုင်ငံအပေါ်အကောက်ခွန်များလျော့ ချသွားမည်ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံသည် New Delhi နှင့်ကုန်သွယ်ရေးဆိုင်ရာသဘော တူညီမှုရရှိရန် နီးကပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတ Donald Trump သည် ယခုနှစ်အစောပိုင်းကာလများတွင် အိန္ဒိယနိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့သော ကုန်ပစ္စည်း များအပေါ် ထပ်ပေါင်းအခွန်များတိုးမြှင့်ကောက်ခံခဲ့ပြီး ရုရှားနိုင်ငံမှ ရေနံဝယ်ယူမှုကို ဖိအားပေးရန်အတွက် အိန္ဒိယနိုင်ငံ၏ ကုန်ပစ္စည်းများအပေါ် အခွန် ၅၀ ရာခိုင်နှုန်းတိုးမြှင့် ကောက်ခံမှုများ ပြုလုပ် ခဲ့ပါသည်။ လတ်တလော ရက်သတ္တပတ်များတွင် အမေရိကန်သမ္မတ Donald Trump သည် Modi ၏ ရုရှားနိုင်ငံမှ ‌ရေနံများဝယ်ယူမှုကို လျော့ချမည်ဟု ကတိပြုမှုအပြီးတွင် ကုန်သွယ်ရေးဆွေးနွေးမှုများ ကောင်းမွန်လျက်ရှိကြောင်း ပြောကြားခဲ့ ပါသည်။ အိန္ဒိယနိုင်ငံနှင့် အမေရိကန်နိုင်ငံမှ ကုန်သွယ်ရေးအဖွဲ့များသည် Trump၏ တင်းမာမှုများကို ပယ်ဖျက်မှုအပြီးတွင် တွေ့ဆုံမှုပေါင်း များစွာပြုလုပ်ခဲ့ကြောင်း သိရပါသည်။ Trump သည် သစ္စာကတိပြုခြင်းအခမ်းအနားတွင် အိန္ဒိယ နိုင်ငံတွင် အမေရိကန် သံအမတ်ဖြစ်လာမည့် Sergio Gor နှင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး Trump က Gor အား ၎င်းအနေဖြင့် အိန္ဒိယနိုင်ငံတန်ကြီးချုပ် Narendra Modi နှင့်ရင်းနှီးသောဆက်ဆံရေးများ ပြုလုပ်ခဲ့ပြီးပြီဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)