
သင်္ဘောပို့ဆောင်ရေးအကြံပေးဗိုလ်မှူးချုပ်ဆိုသူ M Sakhawat Hossain က Laldia Char Terminal သည် Chattogram ဆိပ်ကမ်း၏ ကွန်တိန်နာသိုလှောင်နိုင်စွမ်းကို ၁၀၀၀၀ twenty-foot equivalent units (TEUs) အထိ တိုးချဲ့ပြီး ကုန်သွယ်ရေးနှင့်စီးပွားရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ဖန်တီးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက အဆိုပါအကြောင်းကို ဆိပ်ကမ်းဖွင့်ပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဆိပ်ကမ်းအရာရှိက Chattogram ဆိပ်ကမ်း၏ သိုလှောင်နိုင်မည့်နေရာပမာဏကို ယခုအခါတွင် ၅၆၀၀၀ TEUs မှ ၆၆၀၀၀ TEUs အထိ တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Hossain က ဆိပ်ကမ်းလည်ပတ်မှု တိုးတက်ရေးအတွက် နည်းပညာကျွမ်းကျင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းဆောင်ရည်များသည် အလွန်အရေးပါကြောင်း သတင်းထောက်များအား အထူးအလေးထားပြောကြားခဲ့ပါသည်။ အသစ်ဖွင့်လှစ်လိုက်သော Laldia Char Terminal သည် ၁၄ ဧကခန့်ကျယ်ဝန်းပြီး ကွန်တိန်နာပေါင်း ၁၀၀၀၀ ခန့်၊ ကုန်ကားအစီးရေ ၁၅၀၀ခန့် ဝင်ဆန့်ကြောင်း သိရပါသည်။ စီနီယာအရာရှိများ၏ ပြောကြားချက်အရ အဆိုပါပွဲကိုဆိပ်ကမ်းဥက္ကဌ Rear Admiral M Moniruzzaman နှင့် တစ်ခြားသောဝန်ကြီးဌာနမှ ကိုယ်စားပြုအကြီးအကဲများစွာ တက်ရောက်ခဲ့ကြောင်း သိရပါသည်။
Source: The Daily Star
DOCA (ရန်ကုန်)
