Main menu

တောင်တွင်းကြီးမြို့နယ်၊ တောစိမ်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန် ခံသည် (၁၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တောစိမ်းကျေးရွာ၊ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)ရှိ ကျောင်းခန်းမဆောင်၌ ဆရာ/ ဆရာမ (၁၀)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၂၈၀)ဦး တို့အား စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေး က ကုန်အညွှန်းအမှတ်အသားဆိုင်ရာသိကောင်းစရာများအကြောင်းအား လည်းကောင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ခိုင်မို့မို့ဇင်က မုန်တိုင်းအကြောင်းအရာများအားလည်း ကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်ခင်မျိုးဆွေက လူငယ်နှင့်ခေါင်းဆောင် အကြောင်းနှင့် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်အားကစားနည်းများနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအကြောင်းအားလည်းကောင်း အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)