
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ မင်းဘူးမြို့နယ် တာဝန်ခံသည် စားသုံးသူကာကွယ်ရေးဦးစာပေးဆောင်ပုဒ်နှင့်အညီ စားသုံးသူအခွင့်အရေးများသိရှိပြီး ရယူတောင်းဆိုတတ်စေရေးနှင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုရာတွင် နစ်နာ ဆုံးရှုံးမှုမရှိစေရေး၊ လိုက်နာရမည့်တာဝန်များကိုသိရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည် ရွယ်ချက်များသိရှိစေရန် ရည်ရွယ်၍ (၁၀.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးကော်မတီခန်းမ၌ ကျင်းပပြုလုပ်သော လပိတ်လုပ်ငန်းညှိအစည်းအဝေး အခမ်းအနားတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မင်းဘူးမြို့နယ်တာဝန်ခံမှဌာန၏ သမိုင်းကြောင်း၊ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ လက်ရှိဆောင် ရွက်နေသည့် လုပ်ငန်းများ၊ ကုန်အညွှန်းအမှတ် အသား(၈)ချက်နှင့် စားသုံးသူများ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ အသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောရေးဆိုရေး၊ တိုင်ကြားခွင့်၊ ကုစားခွင့်များအကြောင်းအား အသိပညာပေး ဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
