
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ထိုင်ဝမ်ခရမ်းချဉ်သီးကို မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ညောင်ပင်သာစသည့် ကျေးရွာများအပြင် မကွေး၊ မင်းဘူး၊ သရက်၊ တောင်တွင်းကြီးနှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ထိုင်ဝမ်ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၂၈၀၀)ဖြင့် ရောင်းချလျက်ရှိပြီး အောက်တိုဘာလ(ပထမပတ်)တွင် ကျပ်(၃၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀)ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ယခင်လများတွင် ခရမ်းချဉ်သီးမှာ ဒေသတွင်းထွက်ရှိမှု နည်းပါးသည့်အတွက် ရှမ်းပြည်နယ် အောင်ပန်းမြို့မှ မှာယူ ရောင်းချရပြီး ယခုအချိန်တွင် မင်းလှမြို့နယ်အတွင်းရှိ ဒေသတွင်း ခရမ်းချဉ်သီးစိုက်ခင်းများမှ ခရမ်းချဉ် သီးအသစ်များ ဈေးအတွင်းသို့ ဝင်ရောက်မှုများလာသည့်အတွက် ဈေးနှုန်းမှာအနည်းငယ်ကျဆင်းလာ ရခြင်းဖြစ် ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
