
နေရာအနှံ့အပြားမှ တင်သွင်းလာပြီး ကုန်စိမ်း၊ ကုန်ခြောက်များကို မြိတ်မြို့ပေါ်ရှိ ဈေးပေါ် တွင်အများအပြားရောင်းချလျက်ရှိပါသည်။ စားဖိုဆောင်သီးနှံများ၊ အသားငါးများ၊ ဘုရားပန်းများ စည်ကားစွာရောင်းချနေသော မြို့ငယ်လေးတစ်မြို့ဖြစ်ပါသည်။ ထိုသို့ ရောင်းချရာတွင် ရှမ်းပြည် နယ်မှ တင်သွင်းလာသော အစေ့လွတ် ပန်းမာလကာသီး သည်လည်း အရောင်းသွက်လျက်ရှိပါသည်။ အနံ့မွှေး၍ အရသာကောင်းမွန်သော အသီးတစ်မျိုးဖြစ်သည်။ အစေ့လွတ်သောကြောင့် လူကြီး လူငယ်မရွေး ကြိုက်နှစ်သက် ကြပြီးအချဉ်ပေါင်း၊ အသုပ်များ၊ ဖျော်ရည်များတွင် ထည့်သွင်းအသုံးပြု ရောင်းချကြပါသည်။ နိုဝင်ဘာလ ပထမပတ်တွင် ပန်းမာလကာသီး ၁ kg လျှင် (၆၅၀၀) ကျပ်ဖြင့် ရောင်းချ၍ တစ်လုံးလျှင် (၂၀၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပ်သည်။
DOCA(တနင်္သာရီ)
