
ကျောက်ဆည်မြို့နယ်၊ အေးမြကြည်လင်ဈေး နှင့် မြို့မဈေးများသို့ မုံညင်းဆလပ်များ ဖြိုင်ဖြိုင်ဝင်ရောက်လျက်ရှိရာ ဝင်ရောက်မှုဈေးကွက်အနေဖြင့် အောင်ပန်း၊ ကလော၊ ရွာငံ နှင့်ရေဦးမြို့များမှ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ မုံညင်းဆလပ်ကို ရှမ်းပြည်နယ် အောင်ပန်းဒေသတွင် အများဆုံးစိုက်ပျိုးကြပြီး ဖောက်သည်ဈေးအနေဖြင့် ယခင်လတွင် တစ်ပိဿာ ကို (၂၅၀၀-၃၀၀၀)အထိ ရောင်းချရပြီး ယခုစက်တင်ဘာလမှ စတင်၍ ဈေးနှုန်းများမြင့်တက် လျက်ရှိကြောင်း၊ လက်ရှိ မုံညင်းဆလပ်တစ်ပိဿာလျှင် ဖောက်သည်ဈေး(၃၀၀၀-၃၅၀၀) ကျပ် အထိ ရောင်းချရသောကြောင့် ယခင်လနှင့်နှိုင်းယှဉ်လျှင် မုံညင်းဆလပ် တစ်ပိဿာကို(၅၀၀/-)ကျပ် ခန့်ဈေးနှုန်းများ မြင့်တက်ရောင်းချရသောကြောင့် မုံညင်းဆလပ် စိုက်ပျိုးသောတောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းလျက်ရှိကြောင်း၊ မုံညင်းဆလပ်ကို အစိမ်းကြော်၊ ကင်ချီချဉ် ပြုလုပ်၍ စားသောက်ကြကြောင်း၊မုံညင်းဆလပ်ကိုစားသုံးခြင်းဖြင့်ကျန်းမာရေးအကျိုးကျေးဇူးများရရှိစေပြီး ဝယ်လိုအားရှိသောမုံညှင်းဆလပ်ကို တောင်သူဦးကြီးများတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်းရေးသား တင်ပြအပ်ပါသည်။
DOCA (မန္တလေး)
