Main menu

  ဂန္ဓမာပန်းစျေးအနည်းငယ်တက်

Powered by Drupal

              တန်ဆောင်းမုန်းလပြည့်ကျော်ကာလအတွင်းမန္တလေးပန်းစျေးကွက်အတွင်း ဂန္ဓမာပန်းအမျိုး မျိုးဝင်ရောက်မှု အနည်းငယ်လျော့ကျပြီး၊ စျေးအနည်းငယ်တက်သွားကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊တောင်ကြီးဒေသတို့မှထွက်ရှိသည့်ဂန္ဓာမာပန်းများဝင်ရောက်လျှက်ရှိပြီး၊တန်ဆောင်မုန်းလပြည်ကျော်အခါသမယတွင်အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်းအများဆုံး တွေ့ရသော ဂန္ဓမာပန်းအမည်များမှာ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ လပ်ကီးဖြူ၊လပ်ကီးဝါ၊လပ်ကီးနီ၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ ချက်စိမ်း၊ပုလဲဖြူစသည်ဖြင့် အမျိုးမျိုးတွေ့ရှိရပါသည်။၂၀၂၅ ခုနှစ် နိုဝင်ဘာလ ပထမပတ်အတွင်း လက်လီစျေးအနေဖြင့် ဂန္ဓာမာပန်းကြွေဖြူ တစ်ရိုးတစ်ပွင့် (၁၀ခက်ပါ) တစ်စီး လျှင် ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ ဆန်းမား၊ လပ်ကီး၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ ချက်စိမ်းနှင့်ပုလဲဖြူ တစ်စီးလျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျှက်ရှိကြောင်းမန္တလေးမြို့၊ သိရီမာ လာပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မန္တလေး)