Main menu

ပန်းတနော်မြို့နယ် စံတော်ဝင် မြန်မာထမင်းဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးဦးဆောင်မှုဖြင့် ပန်းတနော်မြို့နယ်တာဝန်ခံ ဝန်ထမ်း(၄)ဦး သည် ၁၁-၁၁-၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀)အချိန်တွင် ပန်းတနော်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ စံတော်ဝင် စားသောက်ဆိုင်သို့ အစားအသောက်ပြုပြင်ရောင်းချသည့် နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ် ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/မရှိ၊ ဆိုင်မှပေး အပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူ သို့ ကြိုတင်အသိပေးဖော်ပြထားခြင်း ရှိ/ မရှိနှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုး အစား(Size)ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်အသိပေး ဖော်ပြထား ခြင်း ရှိ/မရှိ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင် ရွက်ခဲ့ပါသည်။

          စစ်ဆေးရာတွင် စံတော်ဝင် စားသောက်ဆိုင်လုပ်ငန်းရှင် အနေဖြင့် မိမိစားသောက် ဆိုင်ရှိ အစားအသောက် ကိုင် တွယ်ချက်ပြုတ်သူများအနေဖြင့် Apron ၊ ခေါင်းစွပ်များဝတ်ဆင်၍ ချက်ပြုတ်စေရန်၊ သက် ဆိုင်ရာဌာန၏ ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရန်နှင့် ထပ်မံစစ် ဆေး သည့်အခါ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မှု မရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရသော်လည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဥပဒေများနှင့်ပါ အရေးယူခံရ မည်ဖြစ်ကြောင်းနှင့် ယခုကဲသို့ စစ်ဆေးဆောင်ရွက်ခြင်းများကို မကြာခဏ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူးနှင့် အဖွဲ့က လုပ်ငန်းရှင်အား ရှင်းလင်းအသိပညာပေး ဆွေးနွေးခဲ့ကြသည်။

DOCA(ဧရာဝတီ)