Main menu

  မယ်ဇလီဖူးစျေးအနည်းငယ်ကျ

Powered by Drupal

         မန္တလေးစျေးကွက်သို့ တန်ဆောင်းမုန်းလပြည့်ကျော်အတွင်း  ရာသီစာမယ်ဇလီးဖူးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊စျေးအနည်းငယ်ကျကာ အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း မယ်ဇလီပင်မှာ အများဆုံးတွေ့ရှိရသည့်အပင်များ ဖြစ်ပြီး၊ အညာ ဒေသနှင့် ခွဲခြား၍မရသည့်ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။မယ်ဇလီးဖူးအား အစိမ်းအတိုင်း ရောင်းချခြင်းနှင့် ပြုတ်၍ရောင်းချခြင်းတို့တွေ့ရှိရပြီး၊ နှစ်မျိုးစလုံးအရောင်းသွက်လျက်ရှိကြောင်းသိ ရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလပထမဆုံးပတ်အတွင်း မန္တလေးစျေးကွက်အတွင်း မယ်ဇလီးဖူး များအား လက္ကားစျေးတစ်ပြည်စျေးမှာ  ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ လက်လီစျေး တစ်ဗူးလျှင် ၇၀၀ ကျပ်နှင့် ၈၀၀ ကျပ်စျေးဖြင့် ရောင်းချလျက်ရှိပြီး၊ အစိမ်းစျေးနှင့်ပြုတ်၍ ရောင်းချသည့်စျေး ကွာခြားမှုမရှိဘဲ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။မယ်ဇလီဖူးစျေးမှာ တန်ဆောင်မုန်းလဆန်းတွင် ရောင်းချသည့်စျေးနှင့်နှိုင်းယှဉ်ပါက တစ်ဗူးလျှင် ၂၀၀ ကျပ် ခန့် လျော့နည်းသွားကြောင်း မြင်းတန်း စျေးရှိစျေးသည်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)