
မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်မှ ထွက်တောင်ပို့မှိုများ ဝင်ရောက်မှုများပြားပြီး၊ တန်ဆောင်မုန်းလအတွင်း ရာသီစာတောင်ပို့မှိုများအရောင်းသွက်လျှက်ရှိ ကြောင်း သိရပါသည်။ မန္တလေး စျေးကွက်အတွင်း ဆောင်းရာသီဝင်စအချိန်တွင် ရရှိသည့် ပြင်ဦးလွင် ဒေသ ထွက်တောင်ပို့မှိုများ၊ ငွေနှင်းမှုံမှို၊ကောက်ရိုးမှို၊အပ်မှို၊မှိုကြက်တောင်၊ရှီတာကီမှို၊ဝါးမှိုများ တွေ့ ရှိရပါသည်။ မန္တလေး စျေးကွက်အတွင်း သဘာဝအတိုင်းထွက်သည့်မှိုနှင့် စိုက်ပျိုးသည့်မှို နှစ်မျိုး တို့တွေ့ ရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလပထမပတ်အတွင်း မှိုအမျိုးအစား အလိုက်ဖြစ် ပေါ်ခဲ့ သည့် တစ် ပိဿာပေါက်စျေးများမှာတောင်ပို့မှိုလက္ကားစျေး ၃၀၀၀ဝိ/-နှင့်၃၅၀၀ဝိ/-၊ လက်လီစျေး ၄၀၀၀ဝိ/- နှင့် ၅၀၀၀ဝိ/-၊ ငွေနှင်း မှုံမှိုလက္ကားစျေး ၇၀၀ဝိ/-နှင့် ၈၀၀ဝိ/-၊ လက်လီစျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/-၊ ကောက်ရိုးမှိုလက္ကားစျေး ၉၅၀ဝိ/-လက်လီစျေး ၁၀၅၀ဝိ/- နှင့် ၁၁၀၀ဝိ/- ၊ အပ်မှိုထုတ် (အထုတ်သေး ၁၀ ခုပါ)လက္ကားစျေး ၃၀၀၀ဝိ/- နှင့် လက်လီစျေးအထုတ်(သေး)၃၅၀၀ဝိ/စျေးတို့ဖြင့် ရောင်းချလျှက် ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
