Main menu

နိုဝင်ဘာလပထမပတ်ရှိ ခရမ်းသီးပေါက်စျေး

Powered by Drupal

            မန္တလေးမြို့ ၄၁လမ်းစျေးနှင့် သီရိမာလာစျေးအတွင်းသို့ ကုန်စိမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး၊ တန်ဆောင်းမုန်းလပြည့်ကျော်ရာသီချိန်တွင် ခရမ်းသီးမှာ ဝင်ရောက်မှုများပြားသည့်သီးနှံအမယ်ဖြစ်ပြီး၊အရောင်းသွက်ကြောင်းသိရှိရပါသည်။ခရမ်းသီးမှာမန္တလေးတိုင်း‌ဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်မှဝင်ရောက်လျက်ရှိပြီး၊တန်ဆောင်မုန်း လပြည့်ကျော်ရာသီချိန်ဖြစ်၍ ဝင်ရောက်မှုများသည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။၂၀၂၅ ခုနှစ် နိုဝင်ဘာလပထမပတ်အတွင်း  ခရမ်းသီးတစ်ပိဿာလျှင်   လက္ကားစျေး  အလုံးကြီး  ၁၇၀ဝိ/-နှင့် ၁၉၀ဝိ/- ၊အလုံးလတ် ၁၅၀ဝိ/- နှင့် ၁၆၀ဝိ/- ၊ အလုံးသေး   ၁၃၀ဝိ/- ကျပ်နှင့် ၁၂၀ဝိ/-၊ လက်လီစျေး အလုံးကြီး  ၂၀၀ဝိ/- နှင့် ၂၃၀ဝိ/- ကျပ်၊ အလုံးလတ် ၁၆၀ဝိ/- နှင့် ၁၈၀ဝိ/-၊ အလုံးသေး ၁၄၀ဝိ/- နှင့် ၁၅၀ဝိ/-တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)