
မန္တလေးစျေးကွက်အတွင်း တိရိစ္ဆာန်အစာဆီကြိတ်ဖတ်အမျိုးမျိုး အရောင်းသွက်လျက်ရှိ ကြောင်းသိရှိရပါသည်။ ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီ ကြိတ်ခွဲ ခြင်းတွင် အရေးပါသကဲ့သို့မြေပဲနှင့်နှမ်းမှာပြည်ပသို့ တင်ပို့သည့်ကုန်စည်အမယ်များဖြစ်ပါသည်။ မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့်မြေပဲဖတ်၊ နှမ်းဖတ်နှင့် နေကြာ ဖတ်များကို တိရိစ္ဆာန်အစာအဖြစ်အသုံးပြုလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရ ပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်နိုဝင်ဘာလပထမ ပတ် အတွင်းဖြစ်ပေါ်လျက်ရှိသည့် စားဆီတစ်ပိဿာပေါက်စျေးများမှာမြေပဲဆီ ၁၃၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊ နှမ်းဆီ ၁၂၅၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၂၅၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့်မြေပဲဖတ် ၆၂၀ဝိ/- နှင့် ၆၃၀ဝိ/-၊နှမ်းဖတ် ၃၈၅ဝိ/- နှင့် ၄၀၀ဝိ/-၊နေကြာဖတ် ၃၁၀ဝိ/-နှင့် ၃၂၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)
