Main menu

ပန်းတိမ်မနိုင်ပန်းဈေးကွက်

Powered by Drupal

            မန္တလေးဈေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသထွက် ပန်းတိမ်ငို(ခေါ်) ပန်းတိမ်မနိုင်ပန်းများ ဇွန်လဆန်းမှ စတင်ဝင်ရောက်ခဲ့ပြီး သီတင်းကျွတ်ကာလတွင် လှိုင်လှိုင်ထွက်ပေါ်ခဲ့ပါသည်။ ပန်းတိမ်ငို (ခေါ်) ပန်းတိမ်မနိုင်ပန်းအရောင်မှာ သဘာဝစိမ်းဝါနုဖျော့ဖျော့အရောင်မှ ယခုအခါ ခရမ်း‌ရောင်၊ အနီရောင်၊ အဖြူရောင်များလည်း ဝင် ရောက်လျှက်ရှိပါသည်။ ပန်းတိမ်ငို ‌(ခေါ်) ပန်းတိမ်မနိုင်ပန်းသည် စူးရှသည့်ရနံ့မရှိဘဲ ပန်းတိုင်း ပန်းတိမ်ဆရာ ငိုလောက်အောင် လှတဲ့ ပန်းမျိုးဖြစ်ပါသည်။ စိုက်ပျိုးရာတွင်လည်း တစ်ခါစိုက်ထား လျှင် မိုးစတင်ရွာလာပါက မြေဆီကျွေး ဘောင်ခတ်မြေဖို့ပြီး ပြုစုရလွယ်ကူသော အပင်တစ်မျိုး ဖြစ်ပါသည်။ ပန်းတိမ်မနိုင်ပန်းကို ဘုရားပန်းလှူက (၁၀)ရက် (၁၅)ရက် ခန့်ထိ ကြာရှည်ခံပါသည်။  ဝါကျွတ်ကာလတွင် ပန်းတိမ်မနိုင်ပန်း‌(ခေါ်) ပန်းတိမ်ငိုပန်းများ ဈေးကွက်အနည်းငယ် ကျဆင်းလျှက်ရှိကြောင်းသိရှိရသည်။ ပန်းတိမ်မနိုင်ပန်း(၁၀)ပင် တစ် စည်းလျှင် (၂၀၀၀/၃၀၀၀) ကျပ်ဖြင့်ရောင်းချလျှက်ရှိကြောင်း ပန်းမျိုးစုံ အရောင်းဆိုင်များမှ သိရှိရသည်။

DOCA(မန္တလေး)