Main menu

တောင်ငူမြို့နယ်၊ ကေတုမတီမြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအားကွင်းဆင်းစစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာနသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးများ၊ ကုန်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ဒု-ခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ ဦးနေစိုးထက်၊ ဒုဦးစီးမှူးတို့သည် တောင်ငူခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ တောင်ငူမြို့နယ်၊ ကေတုမတီမြို့အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ တောင်ငူမြို့နယ်၊ ကေတုမတီမြို့ အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်မျာတွင် တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးမှ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များရှိ ဆရာဝန်ညွှန်ကြားချက် မလိုသော ဆေးဝါးများအားစစ်ဆေးခဲ့ပြီး ဆေးဈေးနှုန်း၊ ဆေးဝါးပြတ်လပ်မှုအခြေအနေ၊ ဆေးဝယ်ယူမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)