Main menu

လက်ပံတန်းမြို့အတွင်းဈေးငြိမ်နေတဲ့ကြက်သွန်နီနှင့်အာလူးဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးအတွင်း ရောင်းချလျှက်ရှိသော ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ အောက်တိုဘာလဒုတိယပတ်မှ အောက်တိုဘာလ နောက်ဆုံး ပတ်ထိ  ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် ၂၀၀၀/ ကျပ်၊ အလတ် တစ်ပိဿာ ၁၅၀၀ ကျပ်၊  ဈေးနှုန်းဖြင့် လက်လီ ရောင်းချခဲ့ပါသည်။ လက်ကားဈေးနှုန်းအနေဖြင့် အချိန် (၁၀)ပိဿာ မှ စတင် ၍အိတ်လုံးဈေး ကြက်သွန်နီအကြီး တစ်ပိဿာလျှင်၁၇၀၀/ကျပ်၊  ကြက်သွန်နီအလတ် တစ်ပိဿာ လက်ကား ဈေးနှုန်းမှာ ၁၃၀၀/ကျပ်၊ ဈေးနှုန်းဖြင့် ဈေးငြိမ်နေပြီး နိုဝင်ဘာလ ဒုတိယပတ်တွင် လည်း  ကြက်သွန်နီ ဈေးနှုန်းများဈေးငြိမ်နေကြောင်းသိရှိရပါသည်။

    အာလူးဈေးကွက် ရောင်းချမှုအနေဖြင့် အာလူးတစ်ပိသာလျှင် အောက်တိုဘာလ ဒုတိယ ပတ်တွင်   ၇၀၀၀/၈၀၀၀/  ကျပ် ဈေးရှိခဲ့ပြီး ယခု နိုဝင်ဘာလ ဒုတိယပတ်တွင်လည်း အာလူး ဈေးနှုန်းများမှာ ၇၀၀၀/၈၀၀၀ ကျပ်ဈေးဖြင့် ရောင်းချသဖြင့် ဈေးငြိမ်နေ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)